Hospitality(MY)

ယခုဟိုတယ်နှင့်ခရီးသွားလာရေးသင်ခန်းစာကို Swisscontact’s မှ ကူညီပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပြီး သင်ခန်းစာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့် အဓိက အကြောင်းအရာကြီး လေးခုကို ခြုံငုံထည့်သွင်း ရေးသားထားပါသည်။
•    ဟိုတယ်လုပ်ငန်းခွင်ဆိုသည်မှာ
•    ဟိုတယ်လုပ်ငန်းခွင်မှ အစားအသောက်ဌာန
•    ဟိုတယ်လုပ်ငန်းခွင်မှသန့်ရှင်းရေးဌာန
•    ဟိုတယ်လုပ်ငန်းခွင်မှ ဧည့်ကြိုဌာန
သင်ခန်းစာကို လေ့လာပြီးဆုံးသွားပါက ဟိုတယ်လုပ်ငန်းခွင်တွင် နေ့စဉ်အသုံးပြုနေသည့် ဖော်ပြပါခေါင်းစဉ်ကြီး လေးခုနှင့် ပတ်သက်သည့် အလေ့အကျင့်နှင့် စံနမူနာပုံစံများကို အခြေခံမှစပြီး သိရှိနားလည်သွားမည့်အပြင် ယခုသင်ခန်းစာကို ဟိုတယ်လုပ်ငန်းခွင်တွင် အလုပ်ဝင်နှင့်ပြီးသား သူများမှလည်း အချိန်နှင့်အလိုက် ပြောင်းလဲတိုးတက်နေသည့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှ အလေ့အကျင့်နှင့် စနစ်ပုံစံများကို ထပ်မံလေ့လာရန် အတွက်ပါ အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပါသည်။

အထွေအထွေဗဟုသုတ

ယခု ဟိုတယ်နှင့်ခရီးသွားလာရေး သင်ခန်းစာတွင် ဟိုတယ်လုပ်ငန်းခွင်အတွင်း အဓိကအရေးပါသည့် အထွေထွေဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ခေါင်းစဉ်ကြီး လေးခု ဖြစ်သည့်

. ဟိုတယ်ဝန်ဆောင်မှုများနှင့် သက်ဆိုင်ရာ သင်ခန်းစာအမျိုးအစားများ

. အများနှင့် စုပေါင်းလုပ်ကိုင်ခြင်း

. တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် လုံခြုံရေး

. ဟိုတယ်သုံး အင်္ဂလိပ်စာ

စသည်ဖြင့် အသေးစိတ် လေ့လာသင်ကြားနိုင်မည်ဖြစ်ပါသည်။

ying hom

ဧည့်ဝတ်ပြုခြင်း-နေရာထိုင်ခင်းထိန်းသိမ်းရေး

ယခု ဟိုတယ်နှင့်ခရီးသွားလာရေး သင်ခန်းစာတွင် ဟိုတယ်လုပ်ငန်းတစ်ခု နေ့စဉ်နှင့်အမျှ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အဓိကအရေးပါသည့် Housekeeping အကြောင်းအရာများကို ခေါင်းစဉ်ကြီး သုံးခု ဖြစ်သည့်

. လုပ်ငန်းခွင်နှင့် မိတ်ဆက်ခြင်း

. အိပ်ခန်းဆောင်ထိန်းသိမ်းခြင်း

. Laundry နှင့် Linen အမျိုးအစားများ

စသည်ဖြင့် အသေးစိတ် လေ့လာသင်ကြားနိုင်မည်ဖြစ်ပါသည်။


ying hom

အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု

ယခုဟိုတယ်နှင့် ခရီးသွားလာရေး သင်ခန်းစာတွင် ဟိုတယ်စားသောက်ခန်းနှင့် စားဖိုဆောင် ဆက်သွယ်၊လည်ပတ်နေပုံများနှင့် အခြား ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အကြောင်းအရာများကို ခေါင်းစဉ်ကြီး (၄)ခုဖြစ်သည့်

. လုပ်ငန်းခွင်နှင့် မိတ်ဆက်ခြင်း

. ကြိုတင်ပြင်ဆင်မှု

. ဧည့်သည်များကို ဧည့်ခံကျွေးမွေးခြင်း

. ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ နည်းအသွယ်သွယ်

စသည်ဖြင့် အသေးစိတ် လေ့လာသင်ကြားနိုင်မည်ဖြစ်သည်။


ying hom

ဧည့်ကြိုကောင်တာ

ယခုဟိုတယ်နှင့် ခရီးသွားလာရေး သင်ခန်းစာတွင် ဧည့်ကြိုကောင်၏ သက်ဆိုင်ရာ လုပ်နည်းလုပ်ထုံးများနှင့် Bellman များ၏ တာဝန်ဝတ္တရားများကို မှတ်သားဖွယ်ရာ သင်ခန်းစာများနှင့် လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။


ying hom
hide