Beginner English Course(MY)

Zabai Beginner English Course သည် အင်္ဂလိပ်စာကို အခြေခံမှစ    ၍ လေ့လာချင်သူများအတွက် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဤသင်ရိုးသည် Common European Framework of Reference (CEFR) ၏ တတ်မြောက်မှုအဆင့် A1 နှင့် ရေးဆွဲထားပြီး ခေါင်းစဉ် (၁၅) ခုပါဝင်ပါသည်။ သင်ယူသူများသည် နေ့စဉ်ဆက်သွယ်ပြောဆိုမှုများတွင် မိမိအကြောင်းပြောပြခြင်း၊ အခြားသူများနှင့် အပြန်အလှန်ပြောဆိုခြင်း၊ အတိတ်၊ လက်ရှိ၊ အနာဂတ်မှ အကြောင်းအရာ အဖြစ်အပျက်များကို ပြောဆိုခြင်းတွင် သုံးသော ဝေါဟာရများ၊ သဒ္ဒါများကို လေ့လာရမည် ဖြစ်ပါသည်။

သင်ယူမှုကို လွယ်ကူထိရောက်စေရန်အတွက် စိတ်ဝင်စားဖွယ် ဝေါဟာရတင်ပြမှုများ၊ ဆရာမတိုယ်တိုင်ရှင်းပြထားသော သင်ခန်းစာများ၊ အကြိမ်ကြိမ်လေ့ကျင့်နိုင်သော လေ့ကျင့်ခန်း မေးခွန်းများ နှင့် ဝေါဟာရ၊သဒ္ဒါအကျဉ်းချုပ်များ ထည့်သွင်းပေးထားပါသည်။

Beginner English Course 1

ပထမပိုင်းတွင် အောက်ဖော်ပြပါ ခေါင်းစဉ် သုံးခု ပါဝင်ပါသည်။


·         Greetings


·         Jobs


·         Family


ဤအပိုင်း၏ ရည်ရွယ်ချက်မှာ သင်ယူသူများ မိမိကိုယ်ကို မိတ်ဆက်တတ်ရန်၊ အလုပ်အကိုင်အကြောင်းပြောပြတတ်ရန် နှင့် မိမိ၏ မိသားစု အကြောင်းကို ပြောပြတတ်ရန် ဖြစ်ပါသည်။

Beginner English Course 2

ဤဒုတိယအပိုင်းတွင် အောက်ဖော်ပြပါ ခေါင်းစဉ် သုံးခု ပါဝင်ပါသည်။


- Personal Belongings


- Food & Drinks


- Daily Routines


ဤအပိုင်း၏ ရည်ရွယ်ချက်မှာ သင်ယူသူများ သည် မိမိတို့ကိုယ်ပိုင်ပစ္စည်းများ၊ ကြိုက်နှစ်သက်သော အစားအသောက်များနှင့် နေ့စဉ်လှုပ်ရှားမှုများ အကြောင်းကို ပြောပြတတ်ရန် ဖြစ်ပါသည်။ 


Beginner English Course 3

ဤတတိယအပိုင်းတွင် အောက်ဖော်ပြပါ ခေါင်းစဉ် သုံးခု ပါဝင်ပါသည်။


- Free Time Activities


- Sports


- Communication & Technology


ဤအပိုင်း၏ ရည်ရွယ်ချက်မှာ သင်ယူသူများသည် မိမိတို့၏ အားလပ်ချိန် လုပ်ဆောင်မှုများ၊ ကျွမ်းကျင်မှုများ ကို ပြောပြတတ်ရန်နှင့် အကူအညီ တောင်းခြင်း၊ အကူအညီ ပေးခြင်းတို့ကို ပြောတတ်ရန်  ဖြစ်ပါသည်။ 

Beginner English Course 4

ဤစတုတ္ထအပိုင်းတွင် အောက်ဖော်ပြပါ ခေါင်းစဉ် သုံးခု ပါဝင်ပါသည်။


- Health


- Places


- Time


ဤအပိုင်း၏ ရည်ရွယ်ချက်မှာ သင်ယူသူများသည် ကျန်းမာရေး ပြဿနာများ၊ လမ်းညွှန်ချက်များကို မေးမြန်းပြောဆိုတတ်ရန် နှင့် အတိတ်မှအကြောင်းအရာများကို ပြန်လည်ပြောပြတတ်ရန် ဖြစ်ပါသည်။ 

Beginner English Course 5

ဤနောက်ဆုံးအပိုင်းတွင် အောက်ဖော်ပြပါ ခေါင်းစဉ် သုံးခု ပါဝင်ပါသည်။


- Travel & Transport


- Clothes


- Future Plan




ဤအပိုင်း၏ ရည်ရွယ်ချက်မှာ သင်ယူသူများသည်


ခရီးသွားလာခြင်း၊အဝတ်အစားအသုံးအဆောင်များ အကြောင်းကို ပြောပြတတ်ရန်နှင့် အနာဂါတ်အစီအစဉ်များကြောင်း ပြောတတ်ရန် ဖြစ်ပါသည်။

hide