Digital Literacy(MY)

ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်တတ်မြောက်မှုသင်တန်း
အင်တာနက်ခေတ်တွင် မရှိမဖြစ်လိုအပ်သည့် ဒစ်ဂျစ်တယ် နည်းပညာများနှင့် အသိပညာများကို အခြေခံမှစ၍ လေ့လာနိုင်မည့် သင်တန်း ဖြစ်ပါသည်။
UN မှ ထုတ်ပြန်ထားသည့် Global framework of Reference on Digital Literacy Skills for Indicator 4.4.2”  ကို ကိုးကားပြီး သင်ခန်းစာ ၄ ခုစလုံးကို ရေးဆွဲထားပါသည်။
·        စမတ်ဖုန်း မိတ်ဆက်
·        ဖုန်းအသုံးပြု ဆက်သွယ်ခြင်းနှင့် အခြားလုပ်ဆောင်ချက်များ
·        အင်တာနက်တွင် သတင်းအချက်အလက်များ ရှာဖွေခြင်း
·        အင်တာနက်ကို ဘေးကင်းကင်းအသုံးပြုခြင်း
သင်ခန်းစာကို လေ့လာပြီးဆုံးသွားပါက မိုဘိုင်းဖုန်းဖြင့် အင်တာနက်ခေတ် အသုံးပြုပြီး သတင်းအချက်အလက်များကို ရှာဖွေနိုင်မည်ဖြစ်သလို အင်တာနက်တွင် ဘေးကင်းကင်းဖြင့် နေနိုင်မည့် နည်းလမ်းများကိုပါ မှတ်သားနားလည်နိုင်စေရန် ရည်ရွယ်ထားပါသည်။


စမတ်ဖုန်းမိတ်ဆက်

စမတ်ဖုန်းတစ်လုံးအသုံးပြုမယ်ဆိုရင် အခြေခံသိထားသင့်တဲ့  ဖုန်းတစ်လုံး အလုပ်လုပ်ပုံ၊ အင်တာနက် ဘယ်လို ချိတ်မလဲ၊ ဖုန်းထဲက အက်ပ်တွေ ဘယ်လို အသုံးပြုမလဲ စတဲ့ အချက်တွေကို ဒီသင်တန်းက မျှဝေပေးသွားမှာဖြစ်ပါတယ်။  နည်းပညာရေစီးကြောင်းမှာ အများနည်းတူ ပါဝင်စီးမြောဖို့ အဓိကကျတဲ့ စမတ်ဖုန်းအခြေခံလုပ်ဆောင်ချက်တွေကို နားလည်သဘောပေါက်ရန်အတွက်  ဒီအခန်းက ကူညီပေးဖို့ ရည်ရွယ်ပါတယ်။

ဖုန်းအသုံးပြု-ဆက်သွယ်ခြင်းနှင့်-အခြားလုပ်ဆောင်ချက်များ

အင်တာနက်မှာ အများသူငှာနဲ့ ချိတ်ဆက်ဆက်သွယ်ခြင်း အခန်းက Zabai မှ ဒီဂျစ်တယ်သိနားလည်မှု သင်တန်းရဲ့ ဒုတိယသင်ခန်းစာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသုံးများတဲ့ Facebook, Viber အစ ရှိတဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို အသုံးပြုပြီး အင်တာနက်မှာ လူအများနဲ့ ဘယ်လို ဆက်သွယ်ရသလဲ ဆိုတာကို  လမ်းညွှန်ထားတဲ့ ဗီဒီယို သင်ခန်းစာများပါဝင်ပါတယ်။

အင်တာနက်တွင် သတင်းအချက်အလက်များ ရှာဖွေခြင်း

Digital Literacy သင်တန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အင်တာနက်မှာ သတင်းအချက်အလက်တွေ ဘယ်လိုရှာမလဲ ဆိုတာကို ထည့်သွင်းထားပါတယ်။ ဆိုရှယ်မီဒီယာကို ကျော်ပြီး အင်တာနက်သုံးဖို့အတွက် Browser တွေအလုပ်လုပ်ပုံ၊ Google အလုပ်လုပ်ပုံစတာတွေ ပါဝင်ပြီး မိမိကိုယ်တိုင် အင်တာနက် ကတစ်ဆင့် ပညာရေးအခွင့်အလမ်းတွေ၊ အလုပ်အကိုင်သစ်တွေ ရှာနိုင်တဲ့အထိ အကျွမ်းတဝင်ဖြစ်စေဖို့ အခြေခံလိုအပ်ချက်တွေကို ထည့်သွင်း ရေးဆွဲထားပါတယ်။

ying hom

အင်တာနက်ကို ဘေးကင်းကင်း အသုံးပြုခြင်း

Digital Literacy ရဲ့ နောက်ဆုံးအဆင့်အနေနဲ့ အင်တာနက်မှာ ဘေးကင်းကင်းဘယ်လိုနေရမလဲ ဆိုတဲ့ သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းမှာ ဖေ့စ်ဘွတ်က အလိမ်အညာသတင်းတွေကို ဘယ်လို ရှောင်ရှားမလဲ၊ Gmail နဲ့ အင်တာနက်က သတင်းအမှားတွေ၊ အန္တရာယ်တွေကို ဘယ်လိုသိနိုင်မလဲ စတာတွေကို ထည့်သွင်းဖော်ပြထားပါတယ်။

ying hom
hide