ရယူနိုင်သော သင်ခန်းစာများ

Testing

tewtinginsiteiheitehi testing tetsetining 

အမျိုးသမီးအဝတ်အထည် ချုပ်လုပ်ခြင်:

အမျိုးသမီးအဝတ်အထည်ချုပ်လုပ်ခြင်း သက်မွေးပညာဒစ်ဂျစ်တယ် သင်တန်းတွင်  အခြေခံစက်ချုပ်လုပ်ငန်းများ၏ ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်များကို ခေါင်းစဉ်ခွဲအသီးသီးဖြင့် လေ့လာရမည်ဖြစ်သည်။ 



မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း

ဤသင်တန်းတွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနှင့် ပတ်သတ်သော သင်ခန်းစာများကို အသေးစိတ်လေ့လာရမည် ဖြစ်ပါသည်။

ဆံပင်နှင့်မျက်နှာ အလှပြုပြင်မှု

ယခုသင်တန်းတွင် ဆံပင်နှင့် မျက်နှာအသားအရေ ပြုပြင်ထိန်းသိမ်းရေးအတွက် သိရှိရန်လိုအပ်သော အခြေခံပညာရပ်များကို လေ့လာရမည် ဖြစ်ပါသည်။ 

Digital Literacy(MY)

ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်တတ်မြောက်မှုသင်တန်း
အင်တာနက်ခေတ်တွင် မရှိမဖြစ်လိုအပ်သည့် ဒစ်ဂျစ်တယ် နည်းပညာများနှင့် အသိပညာများကို အခြေခံမှစ၍ လေ့လာနိုင်မည့် သင်တန်း ဖြစ်ပါသည်။
UN မှ ထုတ်ပြန်ထားသည့် Global framework of Reference on Digital Literacy Skills for Indicator 4.4.2”  ကို ကိုးကားပြီး သင်ခန်းစာ ၄ ခုစလုံးကို ရေးဆွဲထားပါသည်။
·        စမတ်ဖုန်း မိတ်ဆက်
·        ဖုန်းအသုံးပြု ဆက်သွယ်ခြင်းနှင့် အခြားလုပ်ဆောင်ချက်များ
·        အင်တာနက်တွင် သတင်းအချက်အလက်များ ရှာဖွေခြင်း
·        အင်တာနက်ကို ဘေးကင်းကင်းအသုံးပြုခြင်း
သင်ခန်းစာကို လေ့လာပြီးဆုံးသွားပါက မိုဘိုင်းဖုန်းဖြင့် အင်တာနက်ခေတ် အသုံးပြုပြီး သတင်းအချက်အလက်များကို ရှာဖွေနိုင်မည်ဖြစ်သလို အင်တာနက်တွင် ဘေးကင်းကင်းဖြင့် နေနိုင်မည့် နည်းလမ်းများကိုပါ မှတ်သားနားလည်နိုင်စေရန် ရည်ရွယ်ထားပါသည်။


Beginner English Course(MY)

Zabai Beginner English Course သည် အင်္ဂလိပ်စာကို အခြေခံမှစ    ၍ လေ့လာချင်သူများအတွက် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဤသင်ရိုးသည် Common European Framework of Reference (CEFR) ၏ တတ်မြောက်မှုအဆင့် A1 နှင့် ရေးဆွဲထားပြီး ခေါင်းစဉ် (၁၅) ခုပါဝင်ပါသည်။ သင်ယူသူများသည် နေ့စဉ်ဆက်သွယ်ပြောဆိုမှုများတွင် မိမိအကြောင်းပြောပြခြင်း၊ အခြားသူများနှင့် အပြန်အလှန်ပြောဆိုခြင်း၊ အတိတ်၊ လက်ရှိ၊ အနာဂတ်မှ အကြောင်းအရာ အဖြစ်အပျက်များကို ပြောဆိုခြင်းတွင် သုံးသော ဝေါဟာရများ၊ သဒ္ဒါများကို လေ့လာရမည် ဖြစ်ပါသည်။

သင်ယူမှုကို လွယ်ကူထိရောက်စေရန်အတွက် စိတ်ဝင်စားဖွယ် ဝေါဟာရတင်ပြမှုများ၊ ဆရာမတိုယ်တိုင်ရှင်းပြထားသော သင်ခန်းစာများ၊ အကြိမ်ကြိမ်လေ့ကျင့်နိုင်သော လေ့ကျင့်ခန်း မေးခွန်းများ နှင့် ဝေါဟာရ၊သဒ္ဒါအကျဉ်းချုပ်များ ထည့်သွင်းပေးထားပါသည်။

Hospitality(MY)

ယခုဟိုတယ်နှင့်ခရီးသွားလာရေးသင်ခန်းစာကို Swisscontact’s မှ ကူညီပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပြီး သင်ခန်းစာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့် အဓိက အကြောင်းအရာကြီး လေးခုကို ခြုံငုံထည့်သွင်း ရေးသားထားပါသည်။
•    ဟိုတယ်လုပ်ငန်းခွင်ဆိုသည်မှာ
•    ဟိုတယ်လုပ်ငန်းခွင်မှ အစားအသောက်ဌာန
•    ဟိုတယ်လုပ်ငန်းခွင်မှသန့်ရှင်းရေးဌာန
•    ဟိုတယ်လုပ်ငန်းခွင်မှ ဧည့်ကြိုဌာန
သင်ခန်းစာကို လေ့လာပြီးဆုံးသွားပါက ဟိုတယ်လုပ်ငန်းခွင်တွင် နေ့စဉ်အသုံးပြုနေသည့် ဖော်ပြပါခေါင်းစဉ်ကြီး လေးခုနှင့် ပတ်သက်သည့် အလေ့အကျင့်နှင့် စံနမူနာပုံစံများကို အခြေခံမှစပြီး သိရှိနားလည်သွားမည့်အပြင် ယခုသင်ခန်းစာကို ဟိုတယ်လုပ်ငန်းခွင်တွင် အလုပ်ဝင်နှင့်ပြီးသား သူများမှလည်း အချိန်နှင့်အလိုက် ပြောင်းလဲတိုးတက်နေသည့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှ အလေ့အကျင့်နှင့် စနစ်ပုံစံများကို ထပ်မံလေ့လာရန် အတွက်ပါ အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပါသည်။

မငွေကိုင်နှင့် ငွေကြေးအကြောင်း လေ့လာကြမယ်။

ယခုငွေကြေးသင်ခန်းစာမှာ အခြေခံငွေကြေးအသိပညာြဖစ်သည့် အသေးစားငွေကြေးစီမံမှု ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ရေးဆွဲထားတာဖြစ်ပါတယ်။ ငွေ၀င်ငွေထွက်ရေးဆွဲခြင်း၊ ငွေစုဆောင်းခြင်း၊ ငွေချေး၊ ဘဏ်နှင့်အလုပ်လုပ်ပုံ စသဖြင့် ခေါင်းစဥ်ခွဲ ၄ ခုပါ၀င်ပါတယ်။ ဤသင်ခန်းစာ လေ့လာပြီးဆုံးသွားတဲ့ အခါ ငွေကြေးဆိုင်ရာအကြောင်းအရာတို့ကို သိနားလည်းပြီး ငွေကြေးကိုပညာသားပါပါ စီမံခန့်ခွဲတတ်မှာဖြစ်ပါတယ်။

ying hom

၂၁ ရာစု ပညာရေး

ဤသင်ခန်းစာသည် ဆရာ၊ ဆရာမများအတွက် ရည်ရွယ်၍ ကျောင်းသူ၊ကျောင်းသားများကို ၂၁ ရာစု ပညာသင်စနစ်နှင့် ကိုက်ညီစွာ သင်ကြားနိုင်မည့် 

ထိရောက်သော သင်ကြားနည်းအကြောင်းများကို ထည့်သွင်းရှင်းပြထားပါသည်။
၂၁ ရာစု ပညာသင်စနစ်၏ အရည်အချင်းလေးမျိုးကို အဓိက ရှင်းပြထား၍ သင်ယူမှုပတ်ဝန်းကျင်တွင် 
မည်သို့ပြန်လည် အသုံချရမည့်အကြောင်းများကိုလည်း ဆွေးနွေးထားပါသည်။

ying homBright  Lashio

ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရအောင်

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ထူထောင်ပြီး ထိုလုပ်ငန်းကို အစအဆုံး စီမံခန့်ခွဲသည့် လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်ရန် စဉ်းစားနေပါသလား။



ကျွနု်ုပ်တို့၏ ယခုသင်ခန်းစာတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ရန် လိုအပ်သည့် အချက်အလက်များနှင့် နည်းပညာများကို မျှဝေပေးပြီး မှတ်သားသင့်သည်များကိုလည်း ဦးဆောင်ရှင်းပြသွားပါမည်။


ဤသင်ခန်းစာတွင် လေ့လာစရာများကို ခေါင်းစဉ်ကြီးများ၊ ဗီဒီယိုများ၊ လေ့ကျင့်ခန်းများ အနေဖြင့် ထည့်သွင်းဖော်ပြထားပါသည်။ ဖော်ပြပါ သင်ခန်းစာများကိုလေ့လာပြီး စွန့်ဦးတီထွင် စီးပွားရေးသမား အနေဖြင့် ရပ်တည်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ဘဝတွက်တာနှင့် လုပ်ငန်းခွင်အကြောင်း သိကောင်းစရာများ

ဤသင်တန်းတွင် သင်ကြားသူအနေဖြင့် လုပ်ငန်းခွင်နှင့် နေ့စဉ်ဘဝ ပတ်ဝန်းကျင်တွင် မရှိမဖြစ် လိုအပ်သည့် အခြေခံဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများကို လေ့လာသင်ကြားနိုင်မည် ဖြစ်သည်။


ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် မူးယစ်ဆေးဝါး တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို လေ့လာသင်ကြားရပါမည်။


စာသင်ချိန် စုစုပေါင်း ၄၅ မိနစ် ကြာမြင့်မည် ဖြစ်ပါသည်။


မိမိကိုယ်ပိုင် လက်တွေ့ဘဝတွင် သင်ခန်းစာများကို ပြန်လည်အသုံးချနိုင်ရန် တတ်ကျွမ်းမှုနှင့် ပတ်သက်သည့် အခန်းဆုံးစစ်ဆေးမှုကိုပါ တစ်ပါတည်း ဖြေဆိုရမည် ဖြစ်သည်။


အခန်းဆုံး စစ်ဆေးမှုကို အောင်မြင်စွာ ဖြေဆိုနိုင်ပါမှ သင်ခန်းစာအားလုံးကို သိရှိမှတ်သားနိုင်သည်ဟု ယူဆပါသည်။

ying hom




hide